Friday, July 12, 2013

မန္တလေးကဇူလိုင်


ဇူလိုင်ရေ...
မင်းနာမည်ခေါ်ရင် မိုးစက်တွေကို မြင်မိပါရဲ့
အေးစိမ့်စိမ့် အထိအတွေ့နဲ့ပက်ဝန်ကျင်ကိုပေါ့
ခုတော့ဇူလိုင်ရယ်...
ငါရောက်နေတာ ရာဇ၀င်ထဲကသတို့သားဆိုလားပဲ
မိုးစက်တို့ရဲ့ အေးစက်စက်အငွေ့အသက်ဆိုတာ
ဟိုး.....အဝေး
စိတ်ကူးနဲ့ ယူဆောင်တာတောင်
ပူလောင်တာကိုပဲခံစားနေရတယ်
တကယ့်ကိုပါပဲ
မန္တလေးကဇူလိုင်က
ဥသြနဲ့လိုက်ဖက်မယ်ထင်ပါရဲ့။         ။

No comments:

Post a Comment