ငါချစ်ခဲ့မိတာက နင့်ကိုလေ
နင့်ရဲ့ မျက်စောင်းတွေကိုမဟုတ်ဖူး
နင့်ရှေ့ကိုရောက်တိုင်း.......
ငါကြုံတွေ့နေရတာတွေက
နင့်ရဲ့ မလိုမုန်းတီးတဲ့ မျက်စောင်းတွေလေ
ငါနာကျင်ခဲ့ပေမယ့် တစ်ရက်မတွေ့ရရင်
မနေနိုင်တဲ့ ငါ့စိတ်ကြောင့်နင့်ရှေ့ကို
အမြဲရောက်ရောက်နေတတ်တာပါ
နင့်ရှေ့ကိုရောက်တိုင်း ငါပျော်မိသလို
နာကျင်ရတဲ့ အချိန်တွေဟာလဲ မနည်းပါဘူး
ခံစားလို့နာကျင်ရတယ်ဆိုတာ...
ငါ့အတွက်တော့ ရိုးနေပါပြီ..
ဒါပေမယ့် နင့်ရဲ့မျက်စောင်တချက်ကို
မြင်လိုက်တိုင်းနာကျင်နေမိတဲ့ ဝေတနာ
ကတော့ မ၇ိုးသေးပါဘူး......
ဒါပေမယ့်လေ အဲဒီမျက်စောင်း
လေးကိုပဲ အချိန်တိုင်းတွေ့နေချင်မိတာပါ..
No comments:
Post a Comment