စိတ်ကူးယဉ် ပြဿနာ
လူတွေဟာ သနားစရာ အင်မတန်ကောင်းတယ်။
စိတ်ကူးယဉ်ပြဿနာတွေနဲ့  ဒုက္ခရောက်နေကြတယ်။
ကိုယ့်စိတ်က ဖန်တီးထားတဲ့ ပြဿနာကို
စိတ်ကဖန်တီးထားတာလို့  အမှန်အတိုင်းမသိတော့
ပျောက်အောင် ဘယ်လိုမှ လုပ်လို့ မရနိုင်ဘူး။
သူ့ စိတ်ထဲမှာတော့ သူ့ ပြဿနာတွေဟာ
ပြဿနာအစစ်တွေချည်းပဲလို့  ထင်မှာပဲ။
တကယ်စိတ်ကို စောင့်ကြည့်လို့  ရှင်းရှင်းလင်းလင်း
မြင်လာတဲ့အခါမှာ ပြဿနာ အတော်များများဟာ
စိတ်ကဖန်တီးထားတာပါ။ တကယ်ရှိတာ မဟုတ်ပါဘူးလို့ 
သိလိုက်ရင်ပဲ ပြဿနာတော်တော်များများ ပျောက်သွားပြီ။
ပြဿနာအစစ်က နည်းနည်းပါ။
စိတ်ကူးယဉ်ပြဿနာတွေက များပါတယ်။
စိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်ပြဿနာတွေပါလို့ 
သိပြီးတောူ့တို့ ကို လက်လွှတ်လိုက်လို့ ရှိရင်
ပြဿနာအစစ်တွေကို ဖြေရှင်းဖို့ ရာ အချိန်ပိုပေးနိုင်တယ်။
စိတ်အေးအေးနဲ့  အများကြီး အချိန်ပေးပြီးတော့
ဖြေရှင်းလို့ ရတယ်။ ပြဿနာအစစ်ဆိုတာက
တကယ်ပြောရရင် ၁၀%တောင် ရှိချင်မှ ရှိမယ်။
စိတ်ကူးယဉ်ပြဿနာတွေက ၉၀% လောက်ရှိတယ်။
ကိုယ့်စိတ်ကိုကိုယ် ကြည့်လိုက်ပြီးတော့
အဲဒီ စိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်
ပြဿနာတွေပဲလို့  သိပြီးတော့ လက်လွှတ်လိုက်လို့ ရှိရင်
ဘယ်လောက် သက်သာသွားသလဲ။ ၉၀%လောက်
သက်သာသွားတယ်။
ဆရာတော် ဦးဇောတိက
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
No comments:
Post a Comment