ကဗျာ
  နင့်လမ်းနင်လျှောက်
ငါမနှောက်ယှက်ဘူး..
ငါ့မာနတွေ
ဒူးထောက်ထားလဲ
ရှိစေတော့ ....
နင်မရှိချိန်တွေ
အသိတွေမဲ့ 
ဝေးနေခဲ့လဲ
ငါ့ ရဲ့ အလွမ်းတွေ
ရှိစေတော့ .......
ဒီမျက်ဝန်းတွေ
မင်းမြင်ပါစေ
ဖွင့်ဟခက်ခဲ 
ဝန်မခံရဲလို့ 
                                                                ငါ့ ရဲ့ အချစ်တွေ
                                                                       ရှိစေတော့ ........  
မျောလွင့်ခဲ့သောအတိတ်ခြေရာ
ဆန္ဒတစ်စုံရဲ့ တောင်ဆုံးမှုအတွက်
ဘဝတစ်ခုလုံး နစ်မြုတ်တော့မယ်လို့
ဆုံးဖြတ်ချက်ခိုင်မာပြီးကာမှ
ဝေးကွာခြင်းကို ဖိတ်ခေါ်
နာကြည်ခြင်း လက်တစ်စုံဆန်တန့်
ပျိုးခဲ့သမျှ သံယောဇဉ်ကို
ရိတ်သိမ်းခွင့်ပြုပါတဲ့ တောင်းဆိုရက်တယ်
လွမ်းဆွတ်ခြင်း တိမ်တိုက်တွေ
ကောင်ကင်ယံမှာ အုပ်စုဖွဲ့
ရွေ့လျားနေကြတာ
မင်းကို မေ့လျော့ဖို့အတွက်
ပြင်ဆင်ခွင့်တွေ ဆွံအ
သတိရခြင်း အထပ်ထပ်တိုး
သက်ပြင်း တိုးဖွဖွလေး
မရိုးမရွချ ကြင်သူသိမှသိပါလေစ
ကိုယ်တိုင်စိုက်ပျိုးခြင်းလည်း မရှိ
မြေသြဇာထပ်မတိုး ခဲ့ပဲ
ရာသီ အလီလီပြောင်းလဲ
" လွမ်းဆွတ်ခြင်း " ပန်းကတော့
အဖူး အပွင့် အစီအရီ
ဝဲဘက်ရင်ခွင်မှာ
တစ်ခမ်းတစ်နား လန်းဆန်းဆဲ
ရွေ့လျားနေတဲ့
စက္ကန့်တံလေးနဲ့ အတူ
နာကြင်ခြင်း အချစ်ဖျား
တစ်ရိပ်ရိပ်တက်
အချစ်ဆိပ် တက်မြဲတက်ဆဲ
ဖြေးတွေးစရာမရှိ
ဖြေးဆေး တစ်ကယ်မရှိခဲ့တာ
ကြင်သူ သိမှသိပါလေစ
အဆိပ်ခတ်စရာ မလိုတဲ့
အတိတ်အိုဟောင်လေးကိုမျှော်ငေး
ရှက်သွေး ဖြာနေတဲ့
အလွမ်းတွေကို တစ်ကိုယ်တည်းကောက်သိမ်း
ဒီနှစ်ရဲ့ ရာသီးဦးမှာလည်း
ငါ တစ်ယောက်တည်း
လွမ်းမြဲ လွမ်ဆဲ တမ်းတဆဲ
ကြင်သူသိမှ သိပါလေစ ။
လက်ကျန်တစ်ပွင့် 
သခင့်ခြံတွင်...
တစ်ပွင့်ကျန်သော..ပန်းကလေး..
မခူးအား ၍..
ဆူး ကြား ကျန်ရစ်ခဲ့သလော...။
မခူးရက် ၍
ဆူးထက် ချန်ခဲ့လေသလော...။
မခူးလို ၍...
ဆူးညိုကြားတွင် ၊ သူ့ကံပင်ဟု...
တမင် စွန့်ခဲ့လေသလော...။
ခဏခဏပါပဲ
နင့်ကောင်းကင်က ဒဏ်ရာတွေ
ငါ့အတွက်ကြွေကြွေကျလာတာ
နင်နဲ့ပတ်သတ်လာရင်
ငါ့ဘ၀က
စေတန်ပေးတဲ့အိပ်မက်ဆိုးက
လောလောလတ်လတ် လန်.နိုးလာသလိုမျိုး
အရာရာဟာ
ငရဲဆန်နေလေရဲ.
အဖြေမဲ့နေတဲ့ပုစ္ဆာတစ်ပုဒ်ကို
တစ်ဘ၀လုံးစာတွက်နေရသလို....
နောက်ဆုံးတော့
ငါတို.နှစ်ယောက်ရဲ. equation အတွက်
impossible ဆိုတဲ့အဖြေတစ်ခု
ငါကိုယ်တိုင်ပဲ ညီမျှ ခြင်းထိုးခဲံ့တယ်..............။ ။
အချစ်ရှုံးသမားလေးကျနော် 
အသံကောင်းတိုင်းလဲ အဆိုတော်မဖြစ်
ကျောင်းသားတိုင်းလဲ စာမေးပွဲမအောင်
ကျောင်းဆရာတိုင်းလဲ အသင်အပြမကောင်း
ကမာကောင်တိုင်းလဲ ပုလဲမရှိ
အသည်းရှိတိုင်းလဲ မချစ်တတ်
ချစ်တတ်တိုင်းလဲ ချစ်ခြင်းမခံရ
ပြည့်စုံတိုင်းလဲ မချမ်းသာ
ချမ်းသာတိုင်းလဲ လိုအင်မပြည့်
မပြည့်စုံတိုင်းလဲ မဆင်းရဲသလို
ဆင်းရဲသားတိုင်းလဲ အောက်တန်းမကျပါဘူး
မပြည့်စုံတဲ့....ငါ လိုအင်မပြည့်တဲ့.........နင့်အတွက်
အေး............ငါဒီလောက်ချစ်တာတောင်
ငါ့ထက်သာတဲ့လူ ရှာအုံးမယ်ဆို
ငါကလဲ ဒုတိယရဲရင့်အောင်ပါပဲ
ရပါတယ်...........နင်ထွက်သွားပါ.......။
အစမ်းသပ်ခံ 
ညရဲ့ လမင်း
ပျောက်ကွယ်လို့ မှောင်မိုက်ပါစေ.
ဒါပေမယ့်လည်း နင်ရှိနေရင်
လသာဖို့လဲ မလိုဘူးလို့ ငါဟစ်ကြွေးခဲ့ဖူးတယ်...
ဖမ်းဆုပ် မရ
တမ်းတ ရတဲ့ ညတွေ များလာတော့
ငါ တစ်ယောက်ထဲ အလွမ်းညတွေထဲက
ရုန်းထွက်ဖို့ ခွန်အားလည်း မဲ့နေပြီ ချစ်သူ...
နှလုံးသားက မြည်ဟိန်းတဲ့
နင့်နာမည်လေး တစ်ခုနဲ့တင်
ဝုန်းခနဲ ပြိုသွားတဲ့ ရင်ခွင် နင် အသိမှတ်မပြုလဲ
ကံတရားကို အပြစ်ပုံချဖို့ ငါမကြိုးစားချင်တော့ဘူး...
လွမ်းသမျှ ပြာချပစ်နေလဲ
ခါချလို့မရတဲ့ သတိရစိတ်တွေက
အချိန်နဲ့အမျှ ဒီရေတွေလို တိုးနေမှတော့
ခံနိုင်ရည်ဆိုတာလည်း ယဲ့ယဲ့လေးပဲ ကျန်တာ သဘာဝကျပါတယ်လေ...
မမြင်ရတဲ့ သံယောဇဉ်ရယ်
ကိုင်တွယ်လို့မရတဲ့ ချစ်ခြင်းရယ်
သက်သေပြစရာမရှိတဲ့ တမ်းတခြင်းတွေနဲ့အတူ
အစမ်းသပ်ခံ နှလုံးသားအဖြစ်နဲ့ ငါစောင့်ကြိုနေမိတယ်....
No comments:
Post a Comment