ရသေ့ကြီး ဦးခန္တီ ဘုရားရှိခိုး ဂါထာ
ရသေ့ကြီး ဦးခန္တီ ဘုရားရှိခိုး ဂါထာ

အရဟံ ဗဟိအန္တဇယံ
အမိတံ ၀ိရဇံ လလိတံ အတုလံ
စရဏံ တိဘ၀ူပသမံ ယမကံ
သုခဒံ သရဏံ ပဏမာမိ ဇိနံ
မှတ်ချက်။ ။ ဘုရားအာရုံပြု ၍ (၄၅) မိနစ်ကြာ နေ့တိုင်းပွားများပါက " ထူးခြားသော " လိုအင်ဆန္ဒအကျိုး ရပါသည်။
အနက်
အရဟံ-လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို
ခံယူတော်မူထိုက်ပါပေထသော၊ အရဟံ-လူ၊ နတ်၊ ဗြဟ္မာသတ္တ၀ါတို့၏ ကြည်ဖြူကော်ရော်
ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေထသော၊ အရဟံ-မကောင်းမှုအကုသိုလ်ပြုရန် ဆိတ်ကွယ်သော နေရာရှိတော်မမူထသော၊ ဗဟိအန္တဇယံ-အတွင်းရန် အပြင်ရန် ယင်းနှစ်တန်ကို တွန်းလှန်ဖြိုဖျက် အောင်ပွဲဆက်တော်မူပြီးထသော၊ သုဂတံ-ကောင်းသောစကား ကိုသာ ဆိုတော်မူတတ်ပါပေထသော၊ သုဂတံ-ကောင်းသောနိဗ္ဗာန်ချမ်းသာသို့
ကြွသွားတော်မူပြီးထသော၊ အမိတံ-မနှိုင်းယှဉ်အပ်သော ဂုဏ်တော်အပေါင်းနှင့်
ပြည့်စုံတော်မူပါပေထသော၊ ၀ိရဇံ-ကိလေသာမြူမွေး အညစ်အကြေးတို့မှ
ကင်းဝေးတော်မူပါပေထသော၊ လလိတံ- ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် ကွန့်မြူးစမ္ပါယ် တင့်တယ်တော်မူပါပေထသော၊ အတုလံ-သီလစသောဂုဏ်တော်တို့ကြောင့်
ပြိုင်ဘက် ရည်တူ ရှိတော်မမူထသော၊ စရဏံ-နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း
အကျင့်မြတ်နှင့် ပြည့်စုံတော် မူပါပေထသော၊ တိဘ၀ူပသမံ-ဘ၀သုံးပါး
ဘုံသုံးပါးတို့၌ ကိလေသာအပူမီးတို့ကို ငြိမ်းအေးတော်မူပြီး ထသော၊ ယမကံ-ရေ၊
မီးအစုံအစုံ တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော်မူနိုင်ပါပေထသော၊ သုခဒံ-လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတော်မြတ်တို့ကို ပေးစွမ်းတော်မူနိုင်ပါပေထသော၊
သရဏံ-လူ၊ နတ်၊ နဂါး၊ သိကြား၊ ဗြဟ္မာ သတ္တ၀ါဝေနေ များဗိုလ်ခြေတို့၏
အားထားကိုးကွယ်ရာအစစ် ဧကန်ဖြစ်တော်မူသော၊ ဇိနံ-ငါးမာရ်အောင်မြင်
သဗ္ဗညုတဘုရားရှင်ကို၊ အဟံ-တပည့်တော်သည်၊ ပဏမာမိ-ကိုယ်၊ နှုတ်၊ နှလုံးသုံးပါး
လုံးဖြင့် ကိုင်းညွှတ်ရိုကျိုး လက်စုံမိုးလျှက် ရှိခိုးကန်တော့ပါ၏
အရှင်ဘုရား။
---------------------------------------------
အရဟံဇယံဂါထာတော်ကို ရွတ်ဖတ်ပွားများသူများ
အရဟံဇယံဂါထာတော်ကို သီကုံးဖွဲ့ဆိုထားသည်မှာ ဆန်းဂိုဏ်းအားဖြင့်
တစ်ဂါထားလုံးအား တစ်ဂိုဏ်းတည်းဖြင့် သီကုံးထားသည်။ ဘုရားရှင်၏
ဂုဏ်တော်များဖြင့် သီကုံးထားသည်။ အရဟံဇယံဂါထာတော်ကို မြန်မာနိုင်ငံ
အင်္ဂလိပ်ခေတ် သာသနာပြုရသေ့ကြီး ဦးခန္တီနှင့် ၀ါးချက်မင်းကျောင်းဆရာတော်တို့ ရွတ်ဖတ်ပူဇော်တော်မူခဲ့ကြသည်။
ရသေ့ကြီးသည် ဂါထာတော်ကို ရွတ်ဖတ်ပြီး အဓိဌာန်ပုတီးစိပ်လေ့ရှိသည်။ အဓိဌာန်ပုတီးစိပ်ပြီးတိုင်း ၀တ်ဖြူစင်ကြယ်နှင့် သူတော်စင်တစ်ဦးသည် ရသေ့ကြီး၏လိုအပ်ချက်များကို ဖြည့်ဆည်းပေရန် သိန်းပေါင်းများစွာ ပါဝင်သည့်ငွေထုပ်ကို လာရောက် လှူဒါန်းလေ့ရှိသည်ဟုဆိုကြသည်။
အင်္ဂလိပ် အရေးပိုင်မင်းသည် ရသေ့ကြီး၏ သာသနာပြုသော ငွေပမာဏကိုမြင်ကာ ``ဒီလို
ရသေ့တစ်ပါက ဒီလောက်ငွေတွေ ဘယ်ကရမှာလည်း ´´ ဟုသံသယ၀င်ကာ
ထောက်လှမ်းရေးသမားများကို စေလွတ်ခဲ့ဘူး၏။ ရသေ့ကြီး၏ ဖြူစင်မှု့ကို
တွေ့မြင်ရသောအခါမှသာလျှင် ယုံကြည်သွားခဲ့သည်ဟုဆိုသည်။
တစ်နေ့သော် ရသေ့ကြီးသည် သီလအကျင့်မြတ်တို့နှင့် ပြည့်စုံသော ၀ါးချက်မင်းကြောင်းဆရာတော်အား ဖူးမြင်လိုစိတ်ပြင်းပြခဲ့၏။
သည့်အတွက် ဆရာတော်ကြီးအား သွားရောက်ဖူးမြင်ခဲ့၏။ ထိုအခါ ဆရာတော်ကြီးမှ
``ရသေ့ကြီး ဦးခန္တီ ဆိုတာ ငါ့ရှင်လား၊ ငါ့ရှင်ကို တွေ့ချင်နေတာ´´
ဟုနှုတ်ခွန်းဆက်စကားဆိုတော်မူ၏။
``ငါ့ရှင် နာမည်ကြီးတယ်လို့ ကြားတယ်၊ ငါ့ရှင်၏အစွမ်းကို ပြစေ
ချင်တယ်´´ဟုဆရာတော်ကြီးမှ ဆက်လက်မိန့်ကြားခဲ့သည်။ ထိုအခါ ရသေ့ကြီးမှ ``
အရှင်ဘုရား၊ တစ်နာရီခန့် ခေတ္တစောင့်တော် မူပါဘုရား ´´ ဟုလျှောက်ထားကာ
ပုတီးစိပ်လေတော့သည်။ အချိန်ပြည့်ရန် ဆယ်မီးနစ်ခန့်အလိုတွင် ``
ငါ့ရှင်..ဘယ်လိုလဲ၊ အစွမ်းမပြပါလား ´´ ဟုဆရာတော်ကြီးမှ သတိစကားဆိုသောအခါ ``
တစ်နာရီ မပြည့်သေးပါဘုရား´´ ဟုပြန်လည်လျှောက်ကြား လေသည်။
တစ်နာရီပြည့်သည်နှင့်တပြိုင်နက် ``ရသေ့ကြီး ဦးခန္တီနှင့်တွေ့ချင်ပါတယ်ဘုရား၊
ဒီအထုပ်ကို ရသေ့ကြီးအား လှူဒါန်းလို ပါသည်ဘုရား´´ ဟုဝတ်ဖြူစင်ကြယ်နှင့်
တကာတစ်ဦး ကျောင်းပေါ်သို့ တက်လာကာ ရသေ့ကြီးအား လှူဒါန်းသွားခဲ့လေသည်။
အထုပ်အား ဖြေကြည့်သောအခါ ယခုခေတ်ငွေကြေးနှင့် ကျပ်သိန်းပေါင်းလေးရာခန့်
တန်ဖိုးရှိသော ငွေဒင်္ဂါးပြားများ ဖြစ်နေသည်ဟု ဆိုသည်။
တစ်ဖန် `` အရှင်ဘုရားလည်း နာမည်ကြီးလွန်းလှပါသည်ဘုရား၊ အနည်းငယ်မျှသော အစွမ်းကို ပြတော်မူပါဘုရား´´ ဟုရသေ့ကြီးမှ ပြန်လည်လျှောက်ထားတောင်းပန်လေသည်။ `` ဒါဆို ခေတ္တစောင့်ပါ´´ ဟုဆရာတော်မှ ပြန်လည်မိန့်ကြားပြီး အဓိဌာန်ပုတီးစိပ်လေတော့သည်။
မီးနစ်အနည်းငယ်ခန့်ကြာသော် တကာတစ်ဦး ကျောင်းပေါ်သို့ တက်လာပြီး
ဝါးချက်မင်းကျောင်း ဆရာတော်နှင့် တွေ့လိုပါကြောင်း လျှောက်ထားကာ
သင်္ကန်းဒွိစုံ ၁၀၈-စုံ လှူဒါန်းသွားသည်ဟုဆိုသည်။
ယခုကဲ့သို့
ဆရာတော်နှင့် ရသေ့ကြီးတို့ အစွမ်းများ ပြသပြီးသောအခါ `` ရသေ့ကြီး၊
မည်သည့်ဂုဏ်တော်များ ပွားများ ကာ အဓိဌာန်ပုတီးစိပ်ပါသလဲ´´ ဟုဆရာတော်က
မေးလေသည်။ `` အရဟံဇယံဂုဏ်တော်ဂါထာကို ရွတ်ဖတ်ပူဇော်ပြီး အဓိဌာန်
ပုတီးစိပ်ပါတယ်ဘုရား´´ ဟုပြန်လည်လျှောက်ကြားလေသည်။ ထိုအခါ ဆရာတော်သည် မိမိလည်း အရဟံဇယံ ဂုဏ်တော်ဂါထာ ကိုပင် ရွတ်ဖတ်ပူဇော်လေ့ရှိကြောင်း ပြန်လည်မိန့်ကြားကာ သာသနာကို ဆက်လက်ပြီး စွမ်းစွမ်းတမံ ပြုစေလိုကြောင်း သြ၀ါဒစကား မိန့်ကြားခဲ့လေတော့သည်။
အထက်ပါသူတော်ကောင်းကြီးများသည်
ဗုဒ္ဓဂုဏ်တော်များဖြင့် သီကုံးထားသည့် ဤဂါထာကို နေ့စဉ်အမြဲ ရွတ်ဖတ်ပူဇော်
ပြီး လိုအပ်သောဆုများနှင့် ပြည့်စုံခဲ့ကြ၏ ။ သို့ဖြစ်၍ လိုအပ်သော
ဆုထူးဆုမြတ်တို့နှင့် ပြည့်စုံလိုကြသည့် ခုနှစ်ရက်သားသ္မီးများ သည်
ယုံကြည်စွာဖြင့် နေ့စဉ်အမြဲ ရွတ်ဖတ်ပူဇော်ကြပါကုန်။ ။
credit to အနှိုင်းမဲ့စာတိုပေစများ နှင့် ashinnandobhasa.blogspot.com
The Emperor Casino | Shootercasino
ReplyDeleteThe Emperor Casino is the only casino game on mobile where you can 1xbet play 바카라 사이트 free casino games, enjoy the great games and get a bonus. We 제왕카지노 are very happy to