မြန်မာသူငယ်ချင်းများနေ့ ဆိုဒ်မှ အကြိုက်တွေ့မိသော စာစုများ

လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။ ပျံသန်းခွင့် ပေးလိုက်ပါ။
သစ်သားနှင့်တူပေမယ့် နံ့သာတုံးက ထင်းမဖြစ်ပါဘူး။
အသေချာဆုံးရင်းနှီးမြှုပ်နှံမှုကတော့ ကိုယ့်ကိုကိုယ် အားကိုးခြင်းပါ။
ဆုံးဖြတ်ချက်ကို ဖြေးဖြေးချ.....လုပ်စရာရှိတာကို မြန်မြန်လုပ်ပါ။
ရိုးရိုးကန်ရုံနဲ့မအောင်မြင်နိုင်ဘူး ရုန်းပြီးကန်လိုက်စမ်းပါ။
တခါမှအမှားမလုပ်ဖူးတဲ့သူဟာ.....ဘာမှမလုပ်ဖူးတဲ့သူဘဲ။
တွခါးဖွင့်ထားတယ် တွန်းပြီးဝင်လာရမှာက မင်းအလုပ်ဘဲ။
သက်သာဖို့မကြိုးစားပါနဲ့ အရည်အခြင်းရှိဖို့ကြိုးစားပါ။
ဒူးထောက်ပြီးအသက်ရှင်ရတာထက် မက်တပ်ရပ်ပြီးသေရတာက ပိုမြတ်ပါတယ်။
ပညာဆိုတာ ရတဲ့နေရာမှယူ လိုတဲ့နေရာမှာသုံးပါ။
ရိုးသားခြင်းက ခိုးစားခြင်းထက်ပိုပြီး မြတ်တယ်။
ဝီရိယဆိုတာ ပင်ပန်းစွာလုပ်ခိုင်းတာမဟုတ်ပါဘူး။ နိုးကြားထကြွခြင်းကို ဆိုလိုတာပါ။
လူ့ဘဝမှာ စွန့်ပြစ်သင့်တဲ့ အမှိုက်လေးမျိုးဟာ လောဘ ၊ ဒေါသ ၊ အတ္တ ၊ မာန ။
ကလဲ့စားချေတယ်ဆိုတာ ကိုယ်ရှုံးနိမ့်ခဲ့ဘူးကြောင်း ဝန်ခံလိုက်တာပါဘဲ။
မရိုးသားဘူးဟု ထင်ရသူထက်စာရင် ရိုးသားချင်ရောင်ဆောင်သူက ပိုကြောက်စရာကောင်းပါတယ်။
လောကကြီးမှာမင်းထက်တော်တဲ့သူမရှိဘူး။ မင်းထက်ကြိုးစားနေသူတွေဘဲရှိတယ်။
ဒုက္ခဆိုတာ ကိုယ်စိုက်ခဲ့တဲ့သစ်ပင်။ မာနဆိုတာ ကိုယ့်ကို ပြန်ပြီးတူးဆွခံနေရတဲ့ ပေါက်ချွန်းတစ်လက်ပါ။
ပိုက်ဆံရှိတိုင်းလူချမ်းသာမဟုတ်ပါဘူး။ စာရိတ္တမွဲရင် လူမွဲပါဘဲ။
အလုပ်မလုပ်သောသူများဟာ အလုပ်လုပ်သောသူများထက် ပိုပြီးမောပန်းလွယ်ကြပါတယ်။
နိုင်ရင်ခေါင်းမော့ချင်မော့ပါ။ ရှုံရင်တော့ ခေါင်းမငုံမိပါစေနဲ့။
ဒုက္ခတွေထဲမှာ မျော်လင့်ခြင်းတွေနဲ့ အသက်ရှင်နေရတာလဲ ဒုက္ခတမျိုးပါဘဲ။
ဆင်းရဲခြင်းများ ၊ ပူလောင်ခြင်းများ ၊ ငိုကြွေးခြင်းများဖြင့် အထပ်ထပ် နှောင်ဖွဲ့ရစ်ပတ်ခံထားရသော သတ္တဝါသည် လူဖြစ်သည်။
လူတယောက်ရဲ့ အနာဂတ်ကို သိချင်ရင် အဲ့ဒီလူရဲ့ ပစ္စုပ္ပန်အလုပ်ကို ကြည့်တက်ရတယ်။
အောင်မြင်တယ်ဆိုတာ အခတ်အခဲတွေနဲ့ ဒုက္ခတွေကို အနိုင်ရခဲ့ခြင်းပါ။
ဒီစားသားလေးတွေကိုကြိုက်လို့ ခေါင်းလောင်းသံ ဂျာနယ်ကနေ ပြန်လည်မျှဝေလိုက်ပါတယ်။
No comments:
Post a Comment